အလုပ်ခေါ်စာ တင်ရာတွင် လိုက်နာရမည့် စည်းကမ်းများ

Pharmacy Myanmar သည် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာအလုပ်အကိုင်များအတွက် အထူးပြု Professional Job Listing Platform ဖြစ်ပါသည်။အလုပ်တင်သူများသည် တင်သည့် အကြောင်းအရာမှန်ကန်မှု၊ သန့်ရှင်းသပ်ရပ်မှု ကို တာဝန်ယူရပါမည်။

Pharmacy, Medical, Healthcare, Laboratory, Distribution, Inventory, Sales & Marketing နှင့် ဆေးဘက်ဆိုင်ရာရာထူးများသာ တင်ခွင့်ရှိပါသည်။ မသက်ဆိုင်သော (Non-medical) အလုပ်များကို Platform မှ ဖယ်ရှားသွားမည်ဖြစ်ပါသည်။

အလုပ်တင်သူသည် Company Name, Email, ဖုန်းနံပါတ် စသည့် အချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းရမည်။ မမှန်သော သတင်းအချက်အလက်များ သို့မဟုတ် လိမ်လည်ကြော်ငြာများကို တင်ပါက Admin မှ အလိုအလျောက်ဖယ်ရှားခြင်း သို့မဟုတ် အကောင့်ပိတ်ခြင်း ပြုလုပ်နိုင်ပါသည်။

အလုပ်တင်မှုမပြုမီ “I agree to the Terms & Conditions” ကို အမှန်ခြစ်ခြင်းဖြင့် စည်းကမ်းများအားလုံးကို လက်ခံသည်ဟု သတ်မှတ်ပါသည်။

Pharmacy Myanmar သည် သင့်အချက်အလက်များကို GDPR-compliant Privacy Policy အောက်တွင် စနစ်တကျ ထိန်းသိမ်းထားပါသည်။