FAQ

Pharmacy Myanmar သည် ဥပဒေနှင့်အညီ တင်သွင်း/ထုတ်လုပ်ထားသော ဆေးဝါးထုတ်ကုန်များကို ကြော်ငြာ/မိတ်ဆက်ပေးသည့် သတင်းအချက်အလက် ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။

  • အဓိက ရည်ရွယ်သူများ: ဆေးဝါးကုမ္ပဏီများ၊ ဆေးဆိုင်ပိုင်ရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ။

  • ပေးအပ်သော ဝန်ဆောင်မှု: ဆေးဝါးထုတ်ကုန်များ၏ စျေးနှုန်း နှင့် စျေးကွက်အခြေအနေဆိုင်ရာ အချက်အလက်များ ကို စုစည်းပေးပါသည်။

Pharmacy Myanmar ကို အသုံးပြုခြင်းဖြင့် ဆေးဆိုင်ပိုင်ရှင်များ သည် လက်ရှိစျေးကွက်အခြေအနေနှင့် ဆေးဝါးထုတ်ကုန်များ၏ စျေးနှုန်းနှိုင်းယှဉ်ချက် အချက်အလက်များကို အလွယ်တကူ သိရှိနိုင် သဖြင့် ဝယ်ယူမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အားသာချက်ရရှိပါသည်။ ဆေးဝါးကုမ္ပဏီများ ကမူ ၎င်းတို့၏ ထုတ်ကုန်သစ်များ၊ ဆေးဝါးများကို ပစ်မှတ်ထားသော ဖောက်သည်အုပ်စု (ဆေးဆိုင်များနှင့် ကျန်းမာရေးဝန်ထမ်းများ) ထံ ထိရောက်စွာ ကြော်ငြာမိတ်ဆက် နိုင်ပါသည်။

Pharmacy Myanmar ပေါ်ရှိ စျေးနှုန်းအချက်အလက်များသည် သက်ဆိုင်ရာ ဆေးဝါး ကုမ္ပဏီများ၊ တရားဝင် ဖြန့်ဖြူးသူများ နှင့် လက်ကားစျေးကွက် အရင်းအမြစ်များ မှ စုဆောင်းရယူထားခြင်း ဖြစ်ပါသည်။ အချက်အလက်များကို ပုံမှန်စစ်ဆေးမွမ်းမံ ခြင်းများ ပြုလုပ်သော်လည်း၊ လက်တွေ့ဝယ်ယူမှု စျေးနှုန်းများသည် ဈေးကွက် အပြောင်းအလဲနှင့် ဆေးဆိုင်အလိုက် အနည်းငယ် ကွာခြားမှုများ ရှိနိုင်ပါသည်။

Pharmacy Myanmar ပေါ်ရှိ အခြေခံထုတ်ကုန်ကြော်ငြာနှင့် ဈေးကွက်အချက်အလက်များကို အကောင့်မဖွင့်ဘဲ ကြည့်ရှုနိုင်ပါသည်။ သို့သော်၊ ဈေးနှုန်းနှိုင်းယှဉ်ချက်၊ စျေးကွက်အသေးစိတ် အစီရင်ခံစာ စသည့် အထူးဝန်ဆောင်မှုများကို အသုံးပြုရန်နှင့် ဆေးဝါးကုမ္ပဏီများက ထုတ်ကုန်များ ကြော်ငြာရန်အတွက်မူ သက်ဆိုင်ရာ ဆေးဆိုင်ပိုင်ရှင်များ/ဝန်ထမ်းများ သို့မဟုတ် ဆေးဝါးကုမ္ပဏီများ က တရားဝင်အကောင့်ဖွင့် ရန် လိုအပ်ပါသည်။

ဆေးဝါးကုမ္ပဏီများသည် ၎င်းတို့၏ တရားဝင်ထုတ်ကုန်များ ကို ကြော်ငြာ/မိတ်ဆက်ရန်အတွက် Pharmacy Myanmar ၏ ကြော်ငြာဝန်ဆောင်မှုဌာန သို့မဟုတ် ဖော်ပြထားသော ဆက်သွယ်ရန် လိပ်စာ/ဖုန်းနံပါတ် များမှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။ ကြော်ငြာခြင်းလုပ်ငန်းစဉ်နှင့် ကုန်ကျစရိတ်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်သွယ်ပြီးနောက် ပေးအပ်သွားမည် ဖြစ်ပါသည်။

မရနိုင်ပါခင်ဗျာ။ Pharmacy Myanmar သည် ဆေးဝါးထုတ်ကုန်များ၏ သတင်းအချက်အလက်နှင့် ကြော်ငြာ ကိုသာ ပေးအပ်သော ပလက်ဖောင်းဖြစ်ပြီး၊ ဆေးဝါးများကို တိုက်ရိုက် ရောင်းချခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ငွေပေးချေမှုများ ပြုလုပ်ခြင်း တို့ကို ဝန်ဆောင်မှု မပေးပါ။ ဝယ်ယူလိုပါက ဖော်ပြပါ ဆေးဝါးကုမ္ပဏီများ၏ တရားဝင် ဖြန့်ချိသူများနှင့် ဆေးဆိုင်များမှတစ်ဆင့် ဆက်သွယ် ဝယ်ယူရမည် ဖြစ်ပါသည်။

Pharmacy Myanmar သည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေး (Data Privacy) ကို အလေးထားပါသည်။ ပလက်ဖောင်းကို အသုံးပြုရာတွင် လိမ်လည်မှုများ မပြုလုပ်ရန်၊ တရားမဝင်သော အချက်အလက်များ မတင်ရန် နှင့် ပလက်ဖောင်း၏ ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းများ (Terms of Use) ကို လိုက်နာရန် လိုအပ်ပါသည်။ အသေးစိတ် စည်းမျဉ်းများကို ဝက်ဘ်ဆိုက်၏ သီးသန့် ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။

Pharmacy Myanmar သည် ဆေးဝါးစျေးကွက် အခြေအနေများ၊ မူဝါဒအပြောင်းအလဲများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး သတင်းဆောင်းပါးများ (Market Insights) ကို ပုံမှန်တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ၎င်းတို့ကို ပလက်ဖောင်းပေါ်ရှိ ‘သတင်းများ’ သို့မဟုတ် ‘Insight’ ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။